သဘာဝဝါးပိုက်လေး

BY Yuki · 03-Aug-23 · 32 Comments

ဗစ်တိုးရီးယားထုတ်ကုန်လေးဖြစ်တဲ့ သဘာဝဝါးပိုက်ကလေးက သဘာဝပတ်ဝန်းကျင်နဲ့ လူထုအခြေပြုထုတ်ကုန်‌ဖြစ်ပါတယ်။ ယနေ့ခေတ် လူသားများသည် သဘာ၀ပတ်၀န်းကျင်နှင့်ဆို‌င်သော အသိပညာများဖြစ်ကြသည့်  ပလတ်စတ်သုံးစွဲမူ လျော့ချရေး၊ ကာဗွန်လျော့ချရေး အစရှိသည်များကို နားလည်ကြားဖူးသဘောပေါက် ပြီး ဖြစ်ပါသည်။

Planet သဘာ၀ပတ်၀န်းကျင်အကျိုးပြု 

ပလတ်စတစ်များ လျော့ချသုံးစွဲမူသာမက မိမိတတ်နိုင်သမျှ နည်းလမ်းများဖြင့် နေထိုင်ရာကမ္ဘာကြီးကို ကာကွယ်ရန်မှာ လူသားများတာ၀န်တစ်ခု ြဖစ်ပါသည်။ 

People လူထုအခြေပြုလုပ်ငန်း

ဗစ်တိုးရီးယားအနေဖြင့် ‌ကုန်ပစည်း ထုတ်လုပ်မူဖြစ်စဥ်တလျောက် ဒေသခံများအကျိုးများစေရန် အတွက် အဓိကထား ထုတ်လုပ်ပါသည်။ ထုတ်လုပ်မူအား စက်ပစည်းများ မသုံးဘဲ လူအားဖြင့်  ၁၀၀ ရာခိုင်နှုန်း လက်မူပညာကို အခြေခံပြီး ထုတ်လုပ်ထားခြင်းဖြင့် ဒေသခံများအတွက် သင့်တော်သောလုပ်ခ၊ လစာများရရှိနိုင်ပြီး ဒေသတွင်း စီးပွား‌ရေးဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်ထားပါသည်။

၁၀၀ ရာခိုင်နုန်း လက်မူပညာအခြေခံဖြင့် ၁၀၀ရာခိုင်နုန်း မြန်မာပြည်တွင်းထုတ် ကုန်ပစည်းတစ်ခုအနေဖြင့် နေ့စဥ်ဘ၀တွင် အသုံးပြုနိုင်စေရန် ဂုဏ်ယူစွာြဖင့် ထုတ်လုပ်ထားပါသည်။