၀ါးပလူထုတ်ကုန်သမိုင်းကြောင်း

BY Yuki · 18-Jul-23 · 32 Comments
၀ါးပလူ ခေါ် ၀ါးပိုက်တံကို ကုမဏီ ပထမဆုံးသော ထုတ်ကုန်အဖြစ် စျေးကွက်ဖော်ဆောင်ချင်သော ဆန်န သည် ကုမဏီဧ်။ အပြင်းပြဆုံး အဓိကရည်ရွယ်ချက် ဖြစ်ပါသည်၊။ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးတခုဖြစ်သော ချင်းလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ၀ါးပိုက်တံကို အသုံးပြုကြသော ဓလေ့ကို ပြန်လည်ဆန်းစစ်ထားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်‌ပေါင်းများစွာတည်းက ချင်းလူမျိုးများသည် ချင်းအခေါ် ပတ်တူ (၀ါးပလူတံ)ကို ရိုးရာပွဲလမ်းသဘင်များတွင် ခေါင်ရည်သောက်ရန်အတွက် အသုံးပြုခဲ့ကြပါသည်။ ပလူတံများကို အိုးထဲစိုက်ပြီး တပျော်တပါး တ‌ယောက်တလှည့် သောက်ကြသော ချစ်စရာဓလေ့တစ်ခု ဖြစ်ပါသည်။ အသုံးပြုပြီးသော ၀ါးပလူတံများကို သေချာဆေးကြောကာ နောက်တခါအသုံးပြုရန်အတွက် သိမ်းဆည်းလေ့ရှိပါသည်။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းမူနှင့် ပတ်သက်သော ပညာပေးမူများ မဖွံ့ဖြိုးသေးသော
ထိုကာလကတည်းကပင် ထပ်ကာထပ်ကာ အသုံးပြုလို့ရသော ၀ါးပိုက်တံများကို စတင်သုံးစွဲခဲ့ကြသော ထိုလူမျိုးများကို ဂုဏ်ပြုသောအားဖြင့်း ဗစ်တိုးရီးယာားမှ ၀ါးပိုက်တံများကို လူမူဘ၀ အတွင်းသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။