ဝါးပင်အကြောင်း

BY Chit Pu · 03-Sep-23 · 32 Comments

ဝါးပင်သည် ရေညှိရေမှော်ပင်မှတဆင့် ဖြစ်ပေါ်လာသော မြက်ကြီးပင်ဖြစ်ပြီး ဝါးပင်အလေးချိန်၏သုံးပုံတပုံကို ဇီဝမြေသြဇာအဖြစ် ခြွေချပေး၍ ဝါးပင်ရှိသော ဧရိယာမှာ မြေသြဇာအထူးကောင်းမွန်ပါသည်။ ဝါးပင်သည် ဖုန်စုတ်ယူအားကောင်းသည်။ဝါးရွက်တွင် အဏုဇီဝပိုးများရှင်သန်ပေါက်ဖွားပြီး ထိုပိုးမွှားများသည်အပင်များရှင်သန်ရန် အကောင်းဆုံး ဇီဝ မြေသြဇာဖြစ်သည်။မြေအောက်ရေကိုထိန်းသိမ်းပေးပြီး မြေဆီလွှာများ မိုးရေနောက်ပါမသွားအောင်များစွာသောအမြစ်များက ထိန်းသိမ်းထားသည်။ သေးငယ်သောအရွက်များအပေါ်သို့ကျလာသောမိုးပေါက်များကို အမှုန်အမွှားအဖြစ် ပြောင်းလဲပေးပြီး မြေပေါ်သို့ကျစေ၏ဝါးပင်သည် အခြားသော အပင်ထက် အောက်ဆီဂျင် ၃၅ရာခိုင်နှုန်း ပိုမိုထုတ်နိုင်သည်။ ဝါးတဟက်တာ စိုက်ပျိုးထားသောခြံသည် ကာဗွန်တိုင်တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုက် တန်၆၀ မှ၉၀ ဖုန်မှုန့်တန် ၆၀မှ စုပ်ယူနိုင်သည်။ ဝါးပင်စိုက်ပျိုးထားခြင်းဖြင့်သင့်နှင့်သင့်ပတ်ဝန်းကျင်တွင်သန့်ရှင်းသောလေကိုရရှိစေသည်။ ဝါးပင်သည်ဖုန်မှုန့်စုတ်ယူမှုအားကောင်းသောကြောင့် သန့်ရှင်းသောပတ်ဝန်းကျင်ကိုရရှိစေသည်။