၀ါးပလူ ( Bamboo Straw)သဘာ၀ ဝါးပိုက်နဲ့ ပတ်သတ်သော သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ အချက်များဖြစ်သည့် 3R ( Reuse, Recycle, Reduce) Reusing ၀ါးပိုက်တံကို သီးသန့်ထုတ်လုပ်ထားသော ဆေးကြောတံဖြင့် အသုံးပြုပြီးတိုင်း သေချာစွာဆေးကြောပြီး ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း ရေနွေးနွေးတွင် မိနစ်အနည်းငယ် ထည့်စိမ်ကာ အညစ်အကြေးများကို ဆေးကြောနိုင်ပါသည်။ Recycle ၀ါးပိုက်တစ်ချောင်းကို အများဆုံး ၆လအထိ ပြန်လည်အသုံးပြုနိုင်ပါသည်။ အသုံးမပြုတော့သော ၀ါးပိုက်များကို မြေကြီးတွင်းသို့ သေချာမြုတ်နှံပြီး စွန့်ပစ်ခြင်းဖြင့် သဘာ၀မြေသြဇာအဖြစ် ပြောင်းလဲနိင်ပါသည်။ ၀ါးသည် မီးလောင်လွယ်သော ပစည်းဖြစ်သောကြောင့် မီးရှို ဖျက်ဆီးမည်ဆိုပါက သတိထားပြီး အသုံးပြုစေလိုပါသည်။ Reduce ပလတ်စတစ် အစားထိုး ၀ါးပိုက်တံကို အသုံးပြုခြင်းဖြင့် ပလစ်တစ်များသုံးစွဲခြင်းကို တဘက်တလှမ်းမှ လျော့ချစေရုံမက မိမိတို့ နေထိုင်ရာကမ္ဘာကြီးကိုလည်း ကာကွယ်စောင့်ရှောက်ပြီး ဖြစ်ပါသည်။