ပလတ်စတစ်အစားထိုး

BY Chit Pu · 26-May-24 · 32 Comments

ဒီတခါတော့ ပလတ်စတစ်လျော့ချရေးမှာ ဝါးကိုဘာလို့သုံးထားလဲ ဆိုတာလေး ရှင်းပြပေးပါရစေ။ ဝါးသည် စိုက်ပျိုးရလွယ်ကူပြီး ရေရှည်တည်တံ့ခိုင်မြဲသော ရင်းမြစ်လည်း ဖြစ်ပါသည်။ နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် ကြီးမြန်သစ်ပင်တမျိုးဖြစ်သည်။ ဝါးစိုက်ပျိုးဖို့အတွက် ဓာတုပစ္စည်း ဓာတ်မြေဩဇာ ပိုးသတ်ဆေးများ မလိုအပ်ပါ။ ဝါးသည် ဂရုတစိုက်ထိန်းသိမ်းတတ်ပါက ပိုးတတ်မလွယ်သော အပင်ဖြစ်သည်။ သဘာ၀အော်ဂင်းနစ်အပင်တမျိုးဖြစ်ပြီး၊ ဇီ၀ရုပ်ကို ချေဖျက်နိုင်ပါသည်။ စွန့်ပစ်ပစ္စည်းအဖြစ် သဘာ၀ပတ်၀န်းကျင်ကို ညစ်ညမ်းမူမရှိစေဘဲ မြေဆွေးဩဇာအဖြစ် အသုံးပြုနိုင်သည်။ ဂေဟစနစ်ကို အထောက်အကူပြုစေသော ကုန်ကြမ်းပစ္စည်းဖြစ်သောကြောင့် တခါသုံး ပလတ်စတစ်ပိုက်များအစား ပြန်လည်အသုံးပြုနိုင်သော reuseable သဘာ၀ ဝါးပိုက်ကို သုံးခြင်းဖြင့် သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါသည်။ ထိုအချက်များကြောင့် ဝါးကို အသုံးပြုခြင်း ဖြစ်သည်။